
ယောင်းမလေး ဆည်းဆာ
သော်တာအိမ်ထဲကနေထွက်လာပြီး သူမချစ်သူမိုးဟိန်းရှိရာကားလေးဆီသို့ ခပ်သွက်သွက်လေးလှမ်းလာနေသည်။ သော်တာ့အရပ်က သာမန်မိန်းကလေးတွေထက်မြင့်သည် နက်မှောင်နေသည့်ဆံနွယ်တွေကလည်း ခါးလယ်လောက်ထိရှည်ကျနေသည်။ ယခုလည်း သူမဆံပင်လေးတွေကိုစုပြီးခပ်မြင့်မြင့်စည်းနှောင်ထားသည်။ မိုးဟိန်း သူ့ချစ်သူသော်တာရဲ့ တင်းရင်းဆူဖြိုးပြီး အချိုးတကျဖြစ်နေတဲ့ သော်တာရဲ့ ရင်တွေတင်တွေကိုအရမ်းသဘောကျသည် သူ့ဘဝတစ်လျှောက်လုံးမှာ သော်တာ့လောက်လှတဲ့မိန်းကလေးမတွေ့ခဲ့ဖူးဟုပင်ထင်နေသည်။ သော်တာကားတံခါးလေးဖွင့်ပြီးဝင်ထိုင်လိုက်တော့ သင်းပျံ့နေတဲ့ရေမွှေးနံ့လေးက ဃဏာရုံကိုဝင်ရောက်ကျီစယ်သွားသည်။ “ဟား ကို့အချစ်လေးကြည့်ရတာ ဒီနေ့ထူးဆန်းနေသလိုပဲ၊ စိတ်လှုပ်ရှားစရာတွေဘာတွေများရှိနေလို့ပါလိမ့်”“ဟုတ်တယ်ကိုရေ ဒီနေ့သော်တာအရမ်းပျော်နေတာ၊ သော်တာ့မောင်လေးကိုပြန်တွေ့ပြီကိုရဲ့၊ ယုံတောင်မယုံနိုင်ဘူးကိုရယ်”“ဒါဆိုဝမ်းသာစရာပေါ့အချစ်လေးရဲ့”စကားအပြန်အလှန်ပြောရင်းနဲ့ မိုးဟိန်းသူ့ကိုသော်တာပြောပြဖူးတဲ့ နောက်ကြောင်းလေးကိုပြန်စဉ်းစားမိလိုက်သည်။ သော်တာနဲ့သူ့အမွှာမောင်လေးကို …
ယောင်းမလေး ဆည်းဆာ Read More